ဆို ဆုံးမ လို့ မရတဲ့ ဂျစ်ပစီအနုပညာပါကိုယ့်ကို ကိုယ် ထုဆစ်ထစ် ခွင်းထားတဲ့ ကာရံလဲ ဖြစ်တယ်…။တစ်ခါတစ်ခါ တော့လည်း ငါဟာ မိုးရေစက်ကလေး ဖြစ်တယ်။
တိမ်တွေ က ဖြန့်ထုတ်လိုက်တဲ့အခါ ကောင်းကင်ပြင်မှာ လွင့်ဝဲ လို့…..
လေနှင်ရာကို ခရီး ထွင်ခဲ့ရတယ်။
တဖြည်းဖြည်းနဲ့ အတော်လေးမြင့်တဲ့ သစ်ပင်ကြီး တစ်ပင်ဆီကို ငါ ရောက်သွားဖို့ ဖြစ်လာတယ်။
အဲ့ဒီမှာ စိမ်းစိုနေတဲ့ သစ်ရွက်လေး တစ်ရွက်ပေါ် ငါ သွားကျတယ်။
ငါ့ရဲ့ အလေးချိန် ကြောင့် အဲ့ သစ်ရွက်လေးပေါ်ကနေ တဖြည်းဖြည်း လျောကျ….
ထိပ်စွန်းလေးမှာ သီး ခို နေခဲ့တယ်။
ငါ ပျော် လိုက် တာ….။
ဟီးလေးခိုရင်း နဲ့ နောက်ဆုံး တစ်ချက်မှာ .. ငါ ပြုတ်ကျသွားတယ်။
ငါ့ ကိုယ်ငါ ဆန့်ပြီး လေလွင့်ရာမှာ မျက်စိမှိတ် နေလိုက်တယ်။
မြေပြင်နားရောက်ခါနီး ပြီလေ…။
ရင်တွေ ခုန်နေမိသေးတယ်။
အဲ့ဒီမှာ အရှိန် ပြင်းပြင်းမောင်းလာတဲ့ ကားတစ်စီးကို ဖြတ်ခနဲ ငါ ကြည့်မိလိုက်တယ်။
တစ်ချိန်တည်း လေပြင်းတစ်ချက်ကလည်း ငါ့ကို ဆွဲခေါ်သွားတယ်။
ရုန်းဆန် ထွက်ပြေး မရနိုင်အောင် လေ က ချည်နှောင် ပြီး သား …. ။
ခဏလေးပဲ…
လျှပ်တပြက် ငါ တွေ့လိုက်တာက … ကားရဲ့ နောက်ကြည့်မှန်..။
….
ဖျောင်း ..………………………………
………………………………
သွားပြီ .. ငါ့ခန္ဓာကိုယ်ဟာ အစိတ်စိတ် အမွှာမွှာ လွင့် ဖျာ သွားခဲ့ပြီ။
စုစည်းမှု အားနည်းလွန်းတဲ့အခါ
ခပ်ပြင်းပြင်း နေရောင်က ဖြို … ခွဲ…..
မိုးစက် တစ်ပွင့်ရဲ့ ဘ၀ ဟာ
ပြို … ကွဲ … ဖို့ ဖြစ်လာသလား..။
ဝေလီဝေလင်းမှာ တက်ခဲ့တဲ့ တောင်အခု မှောင် တော့မယ်။ဟောဟိုက မိုးကုပ်စက်ဝိုင်းရေ…မင်းချစ်တယ်ဆိုတဲ့ သီအိုရီဟာမြေကြီးလို အယူအဆလား…ကောင်းကင်လို အယူအဆလား…ငါ့ကို ပြောပြစမ်းပါ…။တစ်ခါတစ်ခါကျတော့လည်း ကျနော် က နောဧ ဖြစ်နေတယ်။
လူသားတွေ အပြစ်သိပ်လုပ်ကြလွန်းလို့ ဘုရားသခင်က ကမ္ဘာကိုရေနဲ့ဆေးတဲ့ အခါ
ကျနော်ဟာ… မိသားစုရယ် .. တိရစ္ဆာန်တစ်စုံစာစီရယ် ကို
ဆောက်လုပ်ထားတဲ့ သင်္ဘောကြီးတစ်စင်းနဲ့ တင် ခေါ်ပြီး ပင်လယ်ကို ရွက်လွှင့်ခဲ့တယ်။
ဘုရားသခင် အလိုအရ.. ကျနော်ဟာ ဒီပင်လယ်မှာ ခရီးနှင်ရင်း ပထမဆုံးတွေ့တဲ့ ကျွန်းမှာ
နောင်တစ်ခေတ်အတွက် ကမ္ဘာကို တည်ရမှာ ဖြစ်တယ်။
ပြောမယ့်သာ ပြောရတာ..
ဒီ တိရစ္ဆာန်တွေနဲ့ ခရီးထွက်ရတာ လွယ်တာမှတ်လို့။
အသံမျိုးစုံနဲ့ ပွက်ပွက်ညံနေပြီး နေ့ရောညပါ ကောင်းကောင်း မအိပ်ရဘူး။
ဒီသင်္ဘောပေါ်ကနေ ထွက်ပုန်းရအောင်လဲ ပင်လယ်ပြင်က လွဲပြီး တစ်ခြားမရှိ။
စိတ်ဓာတ်ကို ကျရော…။
ဒီကြားထဲ သမီး သား ပါ မကျန် ဇနီးမယားကလည်း ဗျစ်တောက်ဗျစ်တောက်နဲ့ …။
အလိုကို မကျနိုင်တော့ဘူး။
ရုပ်ရှင်မင်းသား မင်းမော်ကွန်းကား ကြည့်ချင်လိုက်တာ တို့ ……
ပဲရစ်(စ်) မျှော်စင်မရောက်ဖူး လိုက်လို့ ကုန်းမြေအသစ်ရောက်ရင်
ဆောက်ပေးရမယ် ဆိုတာ တို့ ……။
သားငယ်ကလည်း .. ဂိမ်းပညာမှာ ထိပ်သီးပညာရှင်ဖြစ်အောင် ဘုရားရှင်ကို ပြောပေးဦးဆိုတာ တို့ ….။
သမီးကလဲ တစ်မျိုး … မိုနာလီဇာအပြုံးလေးတပ်ပြီး ..ကိတ်ဝင်းစလတ် လို နှုတ်ခမ်းရှိအောင် လုပ်ပေးဆိုတာ တို့…. ။
(ဟင်း .. အလီဘာဘာရဲ့ နှုတ်ခမ်းမွှေးပါ တွဲတပ်ပေးလိုက်ပေးလိုက်မယ် )
…
စိတ်တွေက ရှုပ်လာပြီ။ ကုန်းမြေကလဲ မတွေ့နိုင်သေးဘူး။
နားတွေလဲ အူထွက်နေပြီ ကျမ်းစာထဲမှာတော့ ‘ ပြုံးရွှင်သော မျက်နှာထားရှိနေမည့် နောဧသည် အပေါင်းအပါများနှင့် ပျော်ရွှင်စွာ ရွက်လွှင့်လိမ့်မည် ’ တို့ ဘာတို့ များပါလားတော့မသိ။ ဒီမှာတော့
မခံနိုင်တော့ဘူး။ ပင်လယ်ထဲ ခုန်ချလိုက်ရင် ကောင်းမလားတောင် တွေးမိသေးတယ်။
ဖြစ်တော့လည်း မဖြစ်သေးဘူးလေ။ ဒီအုပ်စုက ကုန်းမြေရှာတွေ့သွားပြီး နောက် ကမ္ဘာတည်ဖြစ်ရင်
သွားပြီ မှလား။ အဲ့ ကမ္ဘာပျက်ပြီလေ။
ဒါနဲ့ပဲ .. သင်္ဘောကြီးရဲ့ စက်ခန်းကို ၀င်…
ရေတွေ ၀င်လာအောင် ပတ်ပတ်လည်ကို လိုက်ဖြတ်ဆီး လိုက်တယ်။
သိပ်မကြာပါဘူး … သင်္ဘောကြီးဟာ တဖြည်းဖြည်း နဲ့ပင်လယ်ထဲကို မြုပ်ဝင်သွားတယ်။
စိတ်တော့ မကောင်းပါဘူး။
နောက်တစ်ခေါက် လူသားတွေ ပြန်ရှင်လာမယ့် အခါ ကမ္ဘာမြေဟာ ကုန်းမြေမရှိဖြစ်နေလိမ့်မယ်။
…..
အဲ .. တစ်ခုရှိတာက ပျံတတ်တဲ့ ငှက် တွေနဲ့
ရေကူးတတ်တဲ့ ငါး တွေကတော့  ရှင် ကျန်ခဲ့ လိမ့်မယ်။
သူတို့ကတော့ ကုန်းမြေအသစ်ကို ရှာတွေ့နိုင်ကောင်းပါရဲ့…။
ကမ္ဘာဦး အစ ဟာ .. ငါး နဲ့ ငှက် က ‘စ’ ဖြစ်သွားတာကိုတော့ ခွင့်လွှတ်ပါ။
ဘုရားသခင်က သနားသော အားဖြင့် ကြည့် စီစဉ်ပါလိမ့်မယ်။
မိုးကောင်းကင်ကို လက်ကလေး မြှောက်ပြီးဦးမော့ ထားချိန်မှာ…တောင်းမယ့် ‘ဆု’ ကို မေ့သွားတာမျိုး ကြုံဖူးလား…။ရောက်မလာတဲ့ တောင်းဆုကိုတော့ဘုရားသခင်က ပေးသနားမယ် မထင်ဘူး…။