အဲ့ဒီညတွေမှာ.. ငရဲတပြည်လုံး သူ့ရင်ဘတ်ထဲ ပေးဝင်ခဲ့ရတယ်..
မီးပူတွေကတော့. မျက်ဝန်းတွေကနေ.. လျှံကျ လို့….
တစ်ခါတစ်ခါတော့ သူက. ရေနွေးအိုး တစ်လုံးလိုပဲ….
ရေအေးအေး တွေကို လာထည့်ထားချိန်မှာတော့. သူ အဆင်ပြေပါရဲ့..
နောက်တော့..သူ့ကို.. အောက်ကနေ မီးနဲ့ မြှိုက် ကြတယ်…
သူ ရင်ခွင်ထဲ ထည့်သိမ်းထားရတဲ့.. ရေအေးအေးတွေကလဲ ခုတော့ ပွက်ပွက်ဆူလို့….
သူ့ တစ်ကိုယ်လုံးဟာ.. လောင်နေတဲ့ ထင်းတုံး လိုပဲ .. ရဲခနဲ ရဲခနဲ ပေါ့…
နာကျင်ပူလောင်မှုကို မခံစားနိုင်တော့တဲ့ အဆုံး…
သူ .. အော် ချ ပစ် လိုက် တယ်….
‘ရေနွေး ကျက် ပီ’ ဆိုပီး… သူ့ကို မီးပေါ်က ဆွဲထုတ်..
သူ့ ရင်ခွင်ထဲက ရေပူပူတွေကို.. ပြန်ယူသွားကြတယ်…
နောက်တော့လဲ… ကျန်ခဲ့တဲ့. အပူငွေ့တွေနဲ့ပဲ .. သူ့ ရင်ခွင်ကို သူ နှစ်သိမ့်…
‘ ကြာတော့လဲ. ခံနိုင်လာမှာ ပေါ့ ကွာ ’ တဲ့…..
Oct 6, 2011
Subscribe to:
Posts (Atom)