Nov 5, 2007

ည၌ မှောင်၏။
ည၌ တစ်ခါတစ်ခါ မိုးရွာ၏။
ထို့ကြောင့် ည၌ မိုးရွာ လျှင် မှောင်၏။

ရစ်မူး နေတဲ့ ည.. က လွမ်းလို့တဲ့..
မိုးစက်ပေါက်တွေ တစ်ဖောင်းဖောင်း ကျ အောင် ..ငိုတယ်။ သူခံစားနေရတာကို လမင်း တစ်လှည့် ကြယ်စင် တစ်လှည့်နဲ့ ကောင်းကင်မှာ စာလုံးပေါင်းပြတယ်။
ပြီးတော့.. အော်ကြီးဟစ်ကျယ်နဲ့ ကဗျာ တွေရွတ်..
ဘယ်ညာ ယိမ်းထိုးကာနဲ့.. သူ့ကိုယ်သူ ဒရွတ်တိုက် ဆွဲခေါ်နေတယ်။

“ငါ့ရင် ငါ့နှလုံးသားနဲ့ လွယ်ပြီး မွေးထုတ်လိုက်တဲ့ အလင်းကွ.. မင်းက လုယူ သွားတာ… .. …” ဘာ ညာ နဲ့….. …… အင်းလေ … သူတစ်ကယ် စိတ်ဆင်းရဲ နေတာကိုး..။
ဖရိုဖရဲ ပျံ့ကြဲနေတဲ့ သဲမှုန်တွေနဲ့ အဘယ် ပင်လယ်ပြင် ကို သွားပြီး ပစ်ပေါက်မလဲ..။

“အလင်း ရယ် ……. ပြန်လာပါ”
သားပျောက် ရှာနေတဲ့ အမေ တစ်ယောက် ရဲ့ ‘သားရေ….’ လို့ ခေါ်သံ လိုမျိုးပေါ့..။
အကြည့်တွေက အစ ရှိုက်သံ စွက်နေ လေရဲ့.။

ကြာတော့လည်း နွမ်းချိလာတယ်။ တုန်ရီနေတဲ့ နှုတ်ခမ်းတွေက တော့ “အလင်း ရေ”လို့ ရေရွတ် နေ တုန်းပဲ။

သိပ်ထက်ပါတယ် ဆိုတဲ့ ဓါးတစ်လက် ကတောင် သူ့ဓါးအိမ် ကို သူ ပြန် မခုတ် ဘူးလေ…။
ဒါပေမယ့်.. အလင်း က တော့ အဲ့လို မဟုတ်ခဲ့ဘူး။
……. ……. …….. ……..့
ဒီလိုနဲ့.. အချိန်တွေ ဟောင်း .နေ့တွေ ပြောင်း.
ည .ဆိုတဲ့ကောင် ကတော့ .. ခုထိ မှောင် တုန်း ပေါ့။

အိပ်မက်တွေကို ပုတ်ပြီး သိပ်နေမိတယ်
မိုးကလေး ရေ.. တိတ်ပါကွယ်
ငါက လွမ်းလို့
ခေါ်မိတဲ့ အော်သံ…
ခပ် စိပ်စိပ်လေး ကြား တယ်..။

No comments: