Nov 12, 2007

တစ်နေ့လုံး နှင်း

နွားနို့တစ်ခွက် ဆားတစ်ဝက်နဲ့
ငါ အိပ်ယာထတယ်။
ဖြစ်ရပုံများ
ခေါင်းက ကောင်းကင်နဲ့ မလွတ်
စာအုပ်ဝယ် အပြန်မှာ
မိုးက ငါ့ကို ရွာချတယ်။
မျက်လုံး တစ်ဖက်မှိတ်ပြီး
ငါ့ကို ကြည့်တယ်
ဘယ်သူလဲ
လေလား မိုးလား ..။
မီးလောင်နေတဲ့ ဒီလမ်းကို
သူတို့ က ရှို့တယ်.. ငါက ငြိမ်းတယ်
ဟုတ်ပြီ ထားခဲ့တော့
လူဆိုတာ စနစ်တကျ ပျက်စီး တတ်ဖို့ လိုတယ်မှလား
ညကျရင်..
‘သူမ’ ကို အိပ်မက်မက် ပစ်မယ်..။

No comments: