Nov 19, 2007

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြားများခုတိုင်
ကြံကြံခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာ လေးဆယ်ခွန်
ပြောင်းကြတမလွန်
မျက်ရည်သွန်လို့ ဘဝင်ညိုး
ဇူလိုင်တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

3 comments:

Chaos said...

အောင်ဆန်းဇာနည်
ဗိုလ်ချုပ်ကဗျာလေး
ကောင်းလိုက်တာရှင်

ရွှေဂျမ်း said...

ငယ်ငယ်တုန်းက ရွတ်ခဲ့တဲ့ ကဗျာလေးပါလား။ လွမ်းလိုက်တာ။

Anonymous said...

မရှက်တမ်းပြောရရင်တော့
ဒီကဗျာလေးကို
မေ့နေတာ။
အစပိုင်းလေးဘဲရတော့တယ်။
အခုလို တင်ပေးထားတာကျေးဇူးပါနော်။
နှင်းဆီနီနီ။။